ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ခေတ်သမယတွင် ကုရ်အာန်ကျမ်းမြတ်၏အာယသ်တော်ဆယ်ပိုဒ်စီအား ဖတ်ရွတ်လေ့ရှိခဲ့ကြသည်။ ၎င်းတို့သည်ကိုယ်တော်မြတ်ထံမှ ထိုအာယသ်တော်များကို ကြားနာပြီးနောက် ပထမအာယသ်တော်ဆယ်ပိုဒ်တွင်ပါရှိသည့် မစာအိလ်ဆိုင်ရာ သဘောတရားများ၊ ယုံကြည်ချက်ဆိုင်ရာ ‘အိလ်မ်’ အသိပညာနှင့်အမလ်ကျင့်ဆောင်မှုနှင့် သက်ဆိုင်သည့် ခဝပ်ကိုးကွယ်မှုကဏ္ဍ၊ အပေးအယူကဏ္ဍများနှင့် အခြားကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးခြင်းမပြုဘဲ နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိပေ။ သာဝကကြီးများသည် မိမိတို့သင်ယူလိုက်သည့်အရာများကို နှောက်နှေးခြင်းမရှိဘဲ ချက်ချင်းလိုက်နာကျင့်သုံးလေ့ရှိကြသည်။